မျက်နှာပေါ်က အမည်းစက်တွေ လျော့နည်းသက်သာစေဖို့
25-Feb-2017
မျက်နှာပေါ်က အမည်းစက်တွေ လျော့နည်းလာစေဖို့အတွက် အကောင်းဆုံး အရာတစ်ခုကတော့ ဗီတာမင် E ပါ။ အဲဒီ ဗီတာမင် E ဟာ Antioxidants တစ်မျိုးဖြစ်တဲ့ အတွက် အရေပြားကို လန်းဆန်းနိုင်ပါတယ်။ ဗီတာမင် E လိမ်းဆေးတွေ အပြင် သောက်ဆေးကိုပါ သောက်သုံးပေးနိုင်ပါတယ်။ ဒါအပြင် အဲဒီဓာတ်ပါဝင်တဲ့ အစားအစာတွေကိုပါ ဂရုစိုက်ပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။
နောက်တစ်မျိုးကတော့ ရှားစောင်းလက်ပတ်ပင်ပါပဲ။ အဲဒီ ရှားစောင်းလက်ပတ်ဟာ အမည်းစက်တွေကို ဖယ်ရှားရာမှာ ထိရောက်မှုအရှိဆုံးသော အရာတစ်မျိုးပဲ ဖြစ်ပါတယ်။ သူဟာလည်း ဗီတာမင် E လိုပဲ အရေပြားကို လန်းဆန်းစေရုံသာမက ငယ်ရွယ်နုပျိုမှုကိုပါ ပေးစွမ်းနိုင်တယ်။ ဂျယ်လီနဲ့တူတဲ့ ရှားစောင်လက်ပတ်ဖတ်ကလေးတွေကို အမည်းစက်ရှိတဲ့ အရေပြားနေရာတွေမှာ ပုံမှန်လိမ်းထားပေးမယ်ဆိုရင် လျော့နည်း သက်သာလာစေနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ကြက်သွန်နီပဲ ဖြစ်ပါတယ်။ ကြက်သွန်နီကို အရည်ပြုလုပ်ပြီး အမည်းစက်တွေပေါ်မှာ လိမ်းထားပေးမယ်ဆိုရင်လည်း အလွန်ထိရောက်မှု ရှိစေပါလိမ့်မယ်။
အရေပြားပေါ်က အမည်းစက်လို အစက်အပြောက်တွေကို သက်သာလာစေနိုင် တဲ့ နောက်ထပ်တစ်မျိုးကတော့ ရှောက်ရည်နဲ့ ဗီနီဂါရည်ပါပဲ။ ဒီနှစ်မျိုးကတော့ အရေပြားပေါ် မှာ လိမ်းပေးနိုင်တဲ့အပြင် ဖျော်ရည်အဖြစ်ပါ သောက်သုံးနိုင်ပါတယ်။ ပုံမှန်လိမ်းပေးတဲ့အပြင် ပါးစပ်ကပါ သောက်သုံးပေးမယ်ဆိုရင် အာနိသင် ပိုမိုရရှိနိုင်မှာပါပဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဂျူနီယာ
Health for all magazine, No.109, February 2016, Pg. 31
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
